သတင်းဗဟုသုတ မိုဘိုင်းနည်းပညာ ပျဉ်းမနားမြို့ 
သတင်းဗဟုသုတ မိုဘိုင်းနည်းပညာ ပျဉ်းမနားမြို့ 
  • IOS 11 အသုံးပြုထားတဲ့ IPHONE 8 ဒီဇိုင်းပုံများ ထွက်ပေါ်လာ
    သတင်းဗဟုသုတ မိုဘိုင်းနည်းပညာ ပျဉ်းမနားမြို့
    Apple အနေနဲ့ iPhone 8 ကိုမိတ်ဆက်ရန် လအနည်းငယ်သာ ကျန်ရှိပါတော့တယ်။ သတင်းရင်းမြစ်တွေကတော့ Apple အနေနဲ့ ထုတ်ကုန်သစ် မိတ်ဆက်ဖို့အတွက် စတင်ပြင်ဆင်နေပြီလို့ ဖော်ပြခဲ့ပါတယ်။
    Apple ရဲ့ကိုယ်ပိုင် supply chain တစ်ခုကနေ ထွက်ပေါ်လာတဲ့ ကောလာဟလသတင်းအရ iPhone မော်ဒယ်သစ်သုံးမျိုးမှာပါဝင်မယ့် အရာအများအပြားကို စတင်ထုတ်လုပ်နေပြီလို့ သိရပါတယ်။ အဲဒီကောလာဟလသတင်းတွေနဲ့အတူ iOS 11 အသုံးပြုထားတဲ့ iPhone 8 ဒီဇိုင်းပုံတွေလည်း ပေါ်ထွက်လာပါတယ်။ အဲဒီပုံတွေမှာ Apple Pay, Apple Music နဲ့ Lock Screen ကို ဖော်ပြထားပါတယ်။ ကောလာဟလသတင်းကို DigiTimes က MacRumors ဆီကယူပြီး ပြန်ဖော်ပြခဲ့တာပါ။ သတင်းမှာ Apple ရဲ့ ၂၀၁၇ ခုနှစ်မှာထွက်ရှိမယ့် စမတ်ဖုန်းနဲ့ပတ်သက်ပြီးတော့ သတင်းရင်းမြစ်တွေကလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ကြပါတယ်။
    ကုမ္ပဏီအနေနဲ့ ၅.၈ လက်မအရွယ် iPhone 8 အပြင် မျက်နှာပြင် ၇.၄ လက်မနဲ့ ၅.၅ လက်မအရွယ် ဒီဇိုင်းသစ် iPhone တွေကိုလည်းဖြန့်ချိသွားမယ်လို့ အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ဒီဇိုင်းသစ် iPhone တွေမှာ အလူမီနီယမ်သတ္တုကိုယ်ထည်နဲ့ အောက်ခံဖန်ထည်ကို အသုံးပြုသွားဖွယ်ရှိပါတယ်။
    Apple ဟာ Samsung ဆီက OLED panel သန်း ၇၀ ကို မှာယူခဲ့တယ်လို့ ဧပြီလက သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ iPhone 8 ထုတ်လုပ်ဖို့ စတင်ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းက ဖြစ်နိုင်ခြေရှိပါတယ်။
    iPhone 8 ရဲ့ concept ဓာတ်ပုံတွေအရ display အတွင်းမှာ Touch ID ထည့်သွင်းထားတဲ့ အပြောင်းအလဲတစ်ခု ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် iPhone 8 မှာ ကြိုးမဲ့အားသွင်းစနစ်တစ်ခုပါဝင်သလို facial နဲ့ iris biometric လုံခြုံရေးစနစ်လည်း ပါဝင်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
  • You might also like
    No comments:
    Post a Comment